Wednesday, August 8, 2007

၈လေးလုံး အခမ်းအနား မြင်ကွင်း


ထိုင်းမြန်မာ နယ်စပ်က ရှစ်လေးလုံးအထိမ်းအမှတ် အခမ်းအနားဓါတ်ပုံ အချို့တင်ပေးလိုက်ပါတယ်။ လုံးဝ မအားတဲ့ အတွက် ဓါတ်ပုံလေးနဲ့ ကျေနပ်ပေးကြပါလို့။ အခမ်းအနားမှ အဓိက ပြောစကားများကတော့ မျိုးဆက်သစ်တွေထိ သယ်ဆောင်မသွားပဲ ကျမတို့ မျိုးဆက်မှာပဲ အောင်ပွဲရအောင် ကြိုးစားကြဖို့ တိုက်တွန်းသွားကြတာပါပဲ။


လူတွေများများ တက်ရောက်လာတာကို တွေ့ရမှာ ဖြစ်ပါတယ်။

ရှစ်လေးလုံး ဖြစ်တော့ စတုတ္ထနှစ် (ဓါတုဗေဒ)ကျောင်းသူဘ၀ပေါ့တဲ့။ မခင်ဥမ္မာ ကသူ့အတွေ့အကြုံကို ခုလိုပြောပြနေတာပါ။


ဖဒိုမန်းရှာကတော့ အရေးအခင်း မဟုတ်ဘူး။ ၁၃၅၀ ပြည့် အရေးတော်ပုံကြီးပါတဲ့။


အခမ်းအနား နောက်ခံစာတမ်းက အဖြူအစိမ်းလေးနဲ့ ကျောင်းသားတွေကို ကိုယ်စားပြုထားတာတဲ့။


ဒီအခမ်းအနား ဖြစ်မြောက်အောင် ကူညီဆောင်ရွက်ကြသူများပါ။ ကျမက ဓါတ်ပုံရိုက်ပေးသူပေါ့။ (ဒါ့ကြောင့် ပါမလာတာ)


အဲဒီခေတ်က သတင်းစာတွေကို အဲဒီလို ပြထားသေးတယ်။


အခမ်းအနား ပြီးတော့လည်း သိမ်းကြဆည်းကြပေါ့။

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

No comments: