Monday, August 27, 2007

သမီးဖတ်ဖို့စာ

သမီးလေးရေ…………

မေမေ့နို့တွေ တင်းလို့ …..

ဒီအချိန်ဆို သမီးလေး နို့ဆာနေလောက်ပြီ….

သမီးရေ… စကားပြောတတ်မယ် ဆိုရင် မေမေ့ဘာကြောင့်သမီးလေးနဲ့ဝေးရာကို ပြေးပုန်းနေရတယ် ဆိုတာ မေးလာမယ်ထင်ပါရဲ့…

တကယ်တော့ သမီးလေးရေ ၄ လကျော်ကျော်သာ ရှိသေးတဲ့ ကိုယ့်ရင်သွေးလေးကို

မေမေ ဘယ်ခွဲရက်မှာလဲကွယ်… သမီးကို ၄ လခွဲ ပြည့်တာနဲ့ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးပေးရဦးမယ် ဆိုတာလဲ မေမေ သတိရနေမိတယ်…

သမီးမှာ မေမေ့ကိုယ်စား စောင့်ရှောက်ပေးနေမယ့် အဖိုးအဖွားတွေ ဦးကြီး ဒေါ်လေးတွေ ရှိနေပေမယ့်လို့ သမီးလေးကို မေမေ့နို့ချို ကိုယ်တိုင်ချီပွေ့လို့ လာရောက် တိုက်ချင်ပါသေးတယ်…

သမီးလေးရေ…

မေမေ့ကို အပြစ်တင်နေလေမလား….

သမီးကြီးလာတဲ့ တနေ့မှာ သမီးရဲ့ ဖေဖေနဲ့ မေမေက ဘာ့ကြောင့်သမီးလေးကို တယောက်တည်း ခွဲထားရစ်ခဲ့ရတယ် ဆိုတာကို နားလည်အောင် ရှင်းပြပေးပါ့မယ်… သမီးလေးရယ်…

ခုတော့ သမီးအတွက် ပြည့်စုံခြင်း၊ လုံခြုံခြင်းတွေ ပူပန်စရာမလိုတဲ့ အသိုင်းအ၀ိုင်းမှာမို့ မေမေနဲ့ သမီးဖေဖေက နောက်ဆံမတင်းပဲ ထားရက်ခဲ့ရတာပါကွယ်…

တကယ်တော့သမီးလေးရေ…

ဖေဖေနဲ့ မေမေတို့ မွေးဖွားကြီးပြင်းခဲ့ရာ..

မေမေတို့ ချစ်ခင်မြတ်နိုးလှတဲ့ ကိုယ့်တိုင်းပြည်ကြီးမှာ မေမေတို့လို သမီးတို့လို ပြည့်စုံမှုမရှိတဲ့ ဆင်းရဲမွဲတေနေတဲ့၊ နွေးထွေးလုံခြုံမှုမရှိတဲ့ ပြည်သူပြည်သား ညီအကို မောင်နှမတွေ အများကြီးရှိနေသေးတယ် ဆိုတာကို ဖေဖေနဲ့ မေမေတို့ သိရှိပြီးတဲ့ နောက်မှာတော့ …

မေမေတို့ ဘ၀တွေအတွက် သာမက အဲဒီအဖိနှိပ်ခံ၊ အခြေခံလူတန်းစား……တွေ

မနက်စာပြီးရင် ညနေစာကို ပူပင်နေရတဲ့ မေမေတို့ ချစ်တဲ့မိခင်နိုင်ငံကြီးထဲက ချစ်လှစွာသော ညီအကို မောင်နှမ တမြေထဲနေ တရေထဲသောက်တွေ……..အတွက် ကိုယ်တတ်နိုင်သလောက် လုပ်ပေးရဦးမယ်လို့ စဉ်းစားမိခဲ့ကြတယ်လေ…

သမီးလေးတယောက်အတွက်…ထည့်မစဉ်းစားတော့ဘူး..လား လို့… သမီးကမေးချင်နေမလား..

သမီးအတွက်လည်း ပါတာပေါ့သမီးလေးရေ..

မေမေတို့အခုလုပ်နေတာတွေအားလုံးက သမီးအပါအ၀င် နောက်မျိုးဆက်တွေအတွက်....

မေမေတို့လို ကိုယ်ပိုင်လွတ်လပ်ခွင့်တွေ ဆိတ်သုဉ်းနေတဲ့…

မတည်ငြိမ်တဲ့ ပညာရေး စနစ်ရဲ့အောက်မှာ….

ကိုယ်ပိုင်ဦးနှောက်ထဲက ထွက်ပေါ်လာတဲ့ ဖန်တီးမှုတွေ…..

ဘယ်သူ့ကိုမှ မထိခိုက်တဲ့အတွေးအခေါ်တွေကိုတောင် လွတ်လွတ်လပ်လပ် တွေးခေါ်ခွင့် ဖန်တီးခွင့် မရှိတဲ့….

ဘာဆိုဘာမှ စဉ်းစားတွေးခေါ်မှုမလုပ်နိုင်အောင် အကြောက်တရားတွေ ဖန်တီးလို့ … ကိုယ့်ကိုယ်ကိုတောင် ဝေဖန်ပိုင်းခြားနိုင်စွမ်းမဲ့အောင် စီမံအုပ်ချုပ်ထားတဲ့…….

ခုလို စစ်အာဏာရှင် စနစ်ဆိုးကြီးအောက်မှာ သမီးတို့မျိုးဆက်ကို ဆက်လက် မရှင်သန်စေချင်ဘူးလေ…

သမီးလေးရေ…

လွတ်လပ်ပွင့်လင်းတဲ့ အတွေးအခေါ်တွေနဲ့…

ကမ္ဘာကြီးကို ရွာကြီးတရွာလို သဘောထားလို့ …

ပညာအတတ်တွေကို လိုသလောက်..အတားအဆီးမဲ့ ရှာဖွေ ဖြည့်ဆည်းနိုင်မယ့်…

လူကို လူလို တန်ဖိုးထား ဆက်ဆံမယ့်…

ကိုယ့်တိုင်းပြည်ကို တိုးတက်ဖို့ နဲ့ ကိုယ့်ကို အုပ်ချုပ်မဲ့သူတွေကို ကိုယ်ကိုယ်တိုင်ကသာ ရွေးချယ်နိုင်ခွင့်ရှိတဲ့….

ငြိမ်းချမ်းပြီး…သာယာဝပြောတဲ့ တိုင်းပြည်ကြီးမှာပဲ…

သမီးတို့ မျိုးဆက်တွေကို.. မေမေချစ်တဲ့သမီးလေးကို…. ကြီးပြင်းစေချင်တယ်။

ခေတ်မီဖွံ့ဖြိုးတိုးတက်ဖို့ သယံဇာတတွေ ပေါများကြွယ်လှတဲ့ မေမေတို့ တိုင်းပြည်မှာ…

ဘာကြောင့် ဆင်းရဲမွဲတေနေရတာလဲ ဆိုတာကို မေမေတို့ သိတဲ့နေ့က စလို့ …

ဒီလိုဘ၀တွေက လွတ်မြောက်အောင် တတ်နိုင်သလောက် တာဝန်ထမ်းချင်တဲ့စိတ်တွေ ဖြစ်ခဲ့တာပေါ့ သမီးရေ…

သမီးကိုထားခဲ့တာကလည်း မေမေ့အတ္တလို့ သမီးလေးက ဆိုဦးမလားကွယ်….

မေမေ့အတ္တတွေ အားလုံး .. မေမေ့မျှော်လင့်ချက်တွေ အားလုံး….

သမီးရဲ့ ..အနာဂတ်ပေါ်မှာ စုပုံထားခဲ့ လို့ပါ…လို့.. မေမေက သမီးလေးကို ရှင်းပြချင်ပါတယ်….

သမီးရေ…

တကယ်လို့များ မေမေ့ကို ဖမ်းမိသွားလို့ သမီးကို ခွဲထားရစ်ခဲ့ရမယ်ဆိုရင်…

နှစ်တွေ အများကြီး သမီးလေးကို လွမ်းရင်း မေမေ ငိုနေရဦးမှာပါ…

မေမေ့ကို စိတ်မနာပါနဲ့သမီးရေ….

မေမေရွေးချယ်ခဲ့တဲ့ လမ်းမှာ …

နစ်နာမှုတွေ အများဆုံးက သမီးလေးဖြစ်နေတာ….

နွေးထွေးတဲ့ မေမေ့ရင်ခွင်နဲ့ သမီးအတွက် ခုချိန်မှာ အာဟာရအဖြစ်ဆုံး နို့ချိုသောက်သုံးခွင့်ကိုပါ စွန့်လွှတ်ခဲ့ရတာက သမီးလေးဖြစ်နေတာ........

သမီးကို မေမေတောင်းပန်ပါတယ်… ကြိုတင်ပြီးတောင်းပန်ပါတယ်….သမီးရေ………

၎ လစွန်းစွန်းသာ ရှိသေးတဲ့ သမီးကို စွန့်ထားခဲ့တဲ့အတွက်…

အင်မတန်ခေါင်းမာတဲ့ အမေလို့များ သမီးထင်မလားဟင်….

တကယ်တော့ မေမေက သိပ်..ခံစားလွယ်သူပါသမီးရယ်….

အခုဆို သမီးနို့စို့ချိန်…. သမီးလေးကို သိပ်ချိန်… သမီးလေးကို ရှုးတည်ချိန် …

ဒီလိုနဲ့ ရှောင်ပုန်းနေရတဲ့ မေမေ့ဘ၀မှာ အချိန်တိုင်း.. သမီး….ရေ ….လို့…

တမ်းတနေပါတယ်….

သမီးလေးရေ….


(၂၂.၈.၀၇ နေ့က ငြိမ်းချမ်းစွာ လမ်းလျှောက်ဆန္ဒပြခဲ့တဲ့ အတွက် စစ်အုပ်စုရဲ့ ဖမ်းဆီးမှုအောက်မှ ရှောင်တိမ်းနေရသူ နီလာနှင့်တကွ သူရဲကောင်းများကို ချစ်ခင်စွာဖြင့် ဂုဏ်ပြုရေးဖွဲ့လိုက်ပါတယ်)

6 comments:

ခင်မင်းဇော် said...

Andy: သမီးဖတ်ဖို့စာ ဖတ်ပြီး ၀မ်းနည်းရပါတယ်.. ညွှန်းပါရစေ။
မိုးကုတ်:: သမီးလေးဖတ်ဖို.ကဗျာဖတ်ပြီး ကိုဂျင်မီကို သတိရမိပါတယ်..။
27 Aug 07, 02:07
thoemalay: အန်တီ... အရိုးသားဆုံးရေးတဲ့ စာမှန်သမျှဟာ အလင်္ကာ တန်ဆာတွေ မလိုဘဲ အကောင်းဆုံးဖြစ်တတ်သလိုပေါ့... ဒီစာလေးကိုဖတ်ရတာ အရမ်းစိတ်မကောင်းဘူး။
မိုးဦးပန်း: သမီးလေးဖတ်ဖို့ ကို ဖတ်အပြီးမှာ ၈၈ ကျောင်းသားခေါင်းဆောင်တွေကိုအရမ်းကို and proud of themလွတ်မြောက်စေချင်ပါပြီ..
moepyay: i feeling sad after read ``သမီးဖတ်ဖို့စာ`` and proud of them

ခင်မင်းဇော် said...

မှတ်တမ်းအဖြစ် စီဘောက်မှ စကားလေးများကို သိမ်းပေးလိုက်ပါတယ်။
ကျေးဇူးပါပဲ။

kay said...

မနီလာနဲ့အားလုံးအားအထူးပင်လေးစားလျက်..

ခင်မင်းဇော် said...

27 Aug 07, 17:39
ကိုထိုက်: အစ်မ၊ ဒီလိုမျိုး ဘာကြောင့် သူတို့မိသားစု အနစ်နာခံခဲ့ကြရတာလဲ။ အဲဒီ ၄ လသား သမီး ကလေးကို တိုင်တယ်ပြီး ကတိပေးပါတယ်။ သမီး မိဘတွေလောက် ရဲရင့်သူ အဖြစ် အာဏာရှင်တွေကို တွန်းလှန်သူ ဖြစ်ရပါလို၏။

Anonymous said...

i also have a daughter of 4 months old.and i also have the feeling like you. one day when i go out for our country,i also will miss desperately her. so i totally understandd you and very sad.i cannot imagine how can i leave her.

Unknown said...

Bahan said...
I like to say about myself . That is came from reading all the blogs.As everyboody see, we are limited in breathing ourself and felt the wall around us are going more near and may be absent if we can't.
We must know that "To do nothing , Become nothing". So, we also should appreciate all the protectors and always think about how to protect.But as I have said with big words,I can't do anything for our poeple and country. That always make me shame and only can say sorry.
Anyhow,I dare to say all the protectors that I always stand behind you and I see myself that I am trying to help and do to have real democracy for our country.

September 5, 2007 12:33 PM