ဒီနေ့…
သီရိဂေဟာလို့ လူတွေကတင်စားတတ်တဲ့ မိဘရင်ခွင်
ဇာတိမြေက အိမ်ကလေးကို မပြန်ဖြစ်တာ ၂၁ နှစ်ရှိပြီဖြစ်တဲ့….နင့်အတွက်….
အိမ်မပြန်ဖြစ်တဲ့…… နင့်အတွက် …..
ချစ်သူရေ…
အိမ်ပီသတဲ့ အိမ်တလုံးဖြစ်အောင်
တတ်နိုင်တဲ့အင်အားနဲ့
ငါဖန်တီးပေးချင်တယ်။
ဒါဟာ သက်သေပြစရာမလိုတဲ့ ငါ့ရဲ့အချစ်ပဲ ဖြစ်ရဲ့။
ဒီအိမ်မှာ နွေးထွေးခြင်းရှိမယ်။
လုံခြုံခြင်းရှိမယ်။
တီတီတာတာ ပီယာဝါစ စကားလှတွေချွေမနေပေမယ့်
လိုအပ်ရင် အသက်ပါပေးမယ့် လက်တွဲဖော်မဟေသီက
အဆင်သင့်ရှိနေတယ်။
နင့်ဆီက ပေးနိုင်တဲ့ အရာအားလုံးထဲက
အေးမြတဲ့ချစ်ခြင်းမေတ္တာနဲ့ မှန်ကန်ခိုင်မာတဲ့ ယုံကြည်ချက်ကလွဲလို့
ဘာဆိုဘာမှ မတောင်းဆိုချင်ပါဘူး။
မတောင်းဆိုခဲ့ဘူး။
ဘ၀မှာ လိုအပ်တာနဲ့ လိုချင်တာကို
ခွဲခြားသိတတ်ဖို့ သင်စရာမလိုပဲ နေတတ်ခဲ့ပါပြီ။
နေတတ်ခဲ့လေပြီ။
ကောင်းကင်တခုတည်းအောက်မှာ ရှိနေပေမယ့်
တန်ဖိုးထားတာချင်းမတူညီတတ်တဲ့ လူတွေရဲ့ စိတ်ထားတွေ
ကမ္ဘာမြေကြီးပေါ်မှာ ခြေစုံရပ်နေတာချင်းတူပေမယ့်
လျှောက်ရတဲ့ လမ်းတွေ မတူညီတတ်တဲ့ ဘ၀တွေ..
ဒါတွေအားလုံးကို… အတွေ့အကြုံတွေဆီက ကျက်မှတ်ခဲ့ရတာပဲ မဟုတ်လား။
ဘာပဲ ဖြစ်ဖြစ်လေ…
၄၃ နှစ်ပြည့် ဒီနေ့မှာတော့..
နင့်ကိုအလေးထားမြတ်နိုးတဲ့
ချစ်ဇနီးနဲ့ သားလေးတယောက်က
ထမင်းဝိုင်းပြင်ပြီး စောင့်နေမယ်။
ကဲ.. ဘာလိုသေးလဲကွယ်..
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Rest of your post