ဒီတခါ ဘလော့ပြန်ရေးတော့ စိတ်ထဲ ပေါ်လာတာတွေ ရေးမယ်လို့ ပိုင်းဖြတ်ထားတယ်။ ဘလော့လေးကို ကိုယ်ရဲ့ စိတ်ခံစားမှု ကိုယ်ပွားအဖြစ် ဖန်တီးထားချင်ခဲ့လို့ပါ။ ပို့စ်အဟောင်းတွေ ပြန်ဖတ်မိတိုင်း အော် အဲဒီတုန်းက ဒီလိုကိုးလို့ တွေးမိသလို ငါဒီလို စာမျိုးလဲ ရေးခဲ့မိသားပဲ လို့ကြည်နူးချင်သေးတယ်။ ခုချိန်ထိရေးခဲ့ဖူးသမျှထဲ နောင်တရစရာ မရှိခဲ့တာကိုပဲ ကိုယ့်ဘာသာ ကြံဖန်ကျေးဇူးတင်မိတယ်။
ဒီနေ့ တော့ မေးလ်ထဲက ရောက်လာတဲ့ (ရေးသူ ရှာဖွေသူ ဘယ်သူလဲတော့ မသိပါ)
စိတ်ချမ်းသာအောင်နေတတ်သူတွေမှာ ရှိတဲ့ အချင်းအရာ လက္ခဏာတွေဟာ ဘာတွေလဲ။ ဆိုတာလေး ပြန်မျှဝေပေးချင်တာနဲ့ ဒီထဲ။မှာ သိမ်းထားသလိုလေး ဖြစ်အောင် ပို့စ်တင်လိုက်ပါပြီ
စိတ်ချမ်းသာအောင် နေတတ်တဲ့သူဟာ-
Boldness: သတ္တိရှိတယ်။ ဆုံးဖြတ်ရဲတယ်။ ပြောရဲတယ်။ လုပ်ရဲတယ်။
Brightness: အသိဉာဏ် တောက်ပြောင်တယ်။
Cheerfulness: ရွှင်လန်းတယ်။
Common sense: ပင်ကိုယ်ဉာဏ်ရှိတယ်။
Confidence: ကိုယ့်ကိုယ်ကို ကိုယ် ယုံကြည်မှုရှိတယ်။
Control: မိမိကိုယ်ကို ထိန်းသိမ်းနိုင်တယ်။ အခြေအနေကို ထိန်းသိမ်းနိုင်တယ်။
Enthusiasm: စိတ်အားထက်သန်တယ်။ တက်ကြွတယ်။
Forgiveness: ခွင့်လွှတ်နိုင်တယ်။
Friendliness: ခင်ခင်မင်မင် ဆက်ဆံတတ်တယ်။
Gratitude: ကျေးဇူးသိတတ်တယ်။ တန်ဖိုးထားတတ်တယ်။ အသိအမှတ်ပြုတယ်။
Joyousness: ကြည်လင်ရွှင်လန်းတယ်။
Kindness: ကြင်နာတတ်၊ ညှာတာတတ်တယ်။
Mental fitness: စိတ်ဓာတ် ကြံ့ခိုင်တယ်။
Optimist: အကောင်းမြင်တယ်။ အဖြစ်ကိုမြင်တယ်။ အပြုသဘောရှိတယ်။
Patience: စိတ်ရှည်တယ်။ စောင့်ထိန်းနိုင်တယ်။
Peacefulness: စိတ်ငြိမ်းချမ်းတယ်။
Power: စိတ်စွမ်းအားကြီးတယ်။
Productiveness: အလုပ်များများလုပ်နိုင်တယ်။
Wisdom: ဉာဏ်ပညာရှိတယ်။
အပြည့်အစုံကို ဖတ်ချင်ရင် ခေါင်းစဉ်(သို့မဟုတ်) links to this post ဆိုတာလေးကို ကလစ်ပါ။