Saturday, September 3, 2011

ဘာမှသိပ်မကွာခြားပါဘူး။

ဒီနေ့ ညဘက်သတင်းတွေ လိုက်ဖတ်၊ ဘလော့တွေ လိုက်ဖတ်ရင်းနဲ့ ဗွီဒီယိုကလစ်လေးတခုကို ဒေါက်တာလွဏ်းဆွေဘလော့ကနေ ကြည့်ဖြစ်တယ်။ ခေါင်းစဉ်လေးက ဘာမှသိပ်မကွာခြားပါဘူးတဲ့။ မြင်ရတဲ့ ပုံလေးကလဲ အဖြူအမည်းနဲ့ ကလေးမလေး တယောက် ၊ ကြာချိန်ကလဲ ၃မိနစ်နဲ့ ၄၅ စက္ကန့်ပဲ ဆိုတော့ ကလစ်ပြီး ကြည့်လိုက်တော့ ရင်ထဲမှာ ဆို့နစ်သွားရတယ်။ ကြည့်ဖို့ အချိန်လေး ခဏပေးပြီး အောက်က စာတမ်းပေါ် ကလစ်ကာ ကြည့်စေချင်ပါတယ်။

တကယ်တော့ ဘာမှ သိပ်မကွာခြားပါဘူး။

မျက်နှာစာအုပ်မှာလဲ လင့်လေး ယူမျှထားတယ်။ ဒီဘလော့လေးမှာလဲ ယူတင်ထားလိုက်ပါတယ်။ 
ပြည်တွင်းကလူတွေ ကြည့်လို့ရမရ  တော့ သိချင်ပါတယ်။ မရရင် တခုခု ထပ်လုပ်ပေးချင်တယ်။

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

No comments: