Friday, September 21, 2007

တပြည်လုံးအတွက် ရွတ်ဆိုရန်


သံဃာ့တပ်ပေါင်းစုမှ လူထုတပ်ပေါင်းစု ဖွဲ့စည်းရန် တိုက်တွန်းလိုက်ပြီး တပ်ပေါင်းစု ဖွဲ့စည်းမည့် ၂၃ ရက်မှ ၂၅ ရက်နေ့အတွင်း အိမ်တိုင်း ကျောင်းတိုင်း ရုံးတိုင်း မှ အောက်ပါမေတ္တာပို့ကို ရွတ်ဆိုရန် နှိုးဆော် ထားပါသည်။

မေတ္တာဓါတ်နည်းပါးနေသော မြန်မာနိုင်ငံအတွင်းရှိ မြို့တိုင်း ရွာတိုင်းရှိ အိမ်များ၊ ကျောင်းများ၊ ရုံးများ၏ ၀င်ပေါက်များတွင် ည ၈ နာရီမှ စတင်၍ ၁၅ မိနစ်ကြာ ရွတ်ဆိုကြရန်ဖြစ်ပါသည်။

လူအချင်းချင်းနှိပ်စက်ခြင်း
ကင်းရှင်းကြပါစေ။
တို့မေတ္တာစွမ်း ကမ္ဘာလွှမ်း
အေးချမ်းကြပါစေ။

ဓမ္မသည်သာ အောင်ပွဲခံရမည်မှာ လောကနိယာမ ဖြစ်ပေသည်။

No comments: