Monday, September 17, 2007

ဓမ္မနှင့် အဓမ္မ တိုက်ပွဲ



လတ်တလော ပခုက္ကူမှ မေတ္တာသုတ်ရွတ်ဆို ကြွချီသော သံဃာတော်များကို အကြမ်းဖက် ရိုက်နှက်မှုကြောင့်
ပတ္တနိက္ကုဇ္ဇန ကံဆောင်ကြဖို့ ဆုံးဖြတ်ခဲ့ကြပေမဲ့ တကယ်တော့ မြန်မာပြည်သူလူထုရဲ့ ရှေ့ကနေပြီး ဘုန်းဘုန်းတို့ သံဃာတွေက ရပ်တည်ပေးတယ် ဆိုတာကို ပြည်သူလူထု အားလုံးက သိရှိခံစားရပါတယ်။
တရားမျှတမှုအတွက် ငြိမ်းချမ်းစွာ ကံဆောင်သပိတ်မှောက်ကြမယ့် ဆရာတော် သံဃာတော်များအား လေးစားစွာဝတ်ပြု ရှိခိုးပူဇော် ပါ၏ဘုရား။



၂၀၀၇ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့ဆိုရင် လူသတ်သမား သာသနာဖျက်အစိုးရဖြစ်တဲ့ စစ်အုပ်စုရဲ့ မတရား အာဏာသိမ်းခဲ့တာ ၁၉ နှစ်တင်းတင်းပြည့်ခဲ့ပါပြီ။
ဒီလို ယုတ်မာကောက်ကျစ်တဲ့ စစ်အုပ်စုကို ဒဏ်ခတ်ဖယ်ကျဉ်ဖို့ သံဃာတော် ဘုန်းဘုန်းတွေက ပတ္တနိက္ကုဇ္ဇန ကံဆောင်ပွဲ စတင်နေပြီဖြစ်ပါတယ်။

ဓမ္မသည်သာ အောင်ပွဲခံရမည်မှာ မလွဲပေ။

No comments: