Wednesday, November 28, 2007

ပန်းတောင်မှာ

လွမ်းခဲ့တယ်မောင် ဒီပန်းတောင်

နိုဝင်ဘာလ လယ်က ချင်းမိုင်အသွား လမ်းမှာ ၀င်လည်ခဲ့ရတဲ့ ပန်းတောင်လို့ ခေါ်တဲ့ တောင်လေး အကြောင်းကို ဓါတ်ပုံနဲ့ တကွ ကြွားပါရစေ..
အဲဒီတောင်ကို လှမ်းမြင်ရတော့ ပန်းသိပ်မကြိုက်တဲ့ ကျမ ရင်ထဲမှာ လွမ်းသလို.. ပျော်သလို ဖြစ်သွားမိတယ်.. အဟုတ်… လူက နေမကောင်းဖြစ်နေချိန်…
မနက် အစောကြီးထပြီး ကားစီး…… လမ်းကလည်း အကွေ့အကောက်များတဲ့ တောင်ပတ်လမ်း..
စဉ်းစားသာ ကြည့်ပါတော့..အစားလည်း မစားနိုင် … ကားမူးတတ်တော့ မအန်အောင် ဆေးသောက်ရတာရယ်.. နေမကောင်းလို့ သောက်ရတဲ့ဆေးရယ်..အမလေး .. လူဆိုတာ ကားပေါ်က ခေါင်းတောင် မထူနိုင်ဖြစ်နေချိန်..
ဟဲ့ ဟဲ့ ပန်းတောင်ကို ကြည့်ပါဦး မြင်နေရပြီ… ရောက်တော့မယ်..
အိပ်မနေနဲ့တော့ ထပါတော့တဲ့..
အတူသွားတဲ့ ခရီးဖော်က အတင်းနှိုးလို့ ထရပေမယ့် စိတ်က သိပ်ကြည်တာမဟုတ်ဘူး..
ဘာလုပ်ရမှာလဲ ပန်းတောင် ဆို တာ ဘာညာ ဘာညာ..စိတ်ထဲက ပွစိပွစိ..
တကယ်မျက်လုံးဖွင့်ကြည့်လိုက်တော့…
အားပါးပါး….တယ်လှပါလား…ကိုယ့်မျက်လုံးတောင် ကိုယ်မယုံလို့ ပွတ်သတ်ကြည့်ရသေးတယ်… အိပ်မက်များလားပေါ့.. ကိုယ်တယောက်တည်း ရောက်ရတော့ အိမ်က သံယောဇဉ်ကိုလဲ သတိရမိသေးတော့တယ်.. အော် ... မိသားစုလေးနဲ့သာဆိုရင်.....( အဲလို....လဲ....ပြောထားဦးမှ)
အဲဒီခရီးက မနက် ၆ နာရီက စီးလိုက်ရတဲ့ကား…ည ၆ နာရီကျော်မှ တည်းရမယ့် ဟိုတယ်ရောက်တော့တယ်…ဒါပေမဲ့ ပင်ပန်းတာတွေက ပန်းတောင်ကို မြင်လိုက်ရတာနဲ့ တန်ပါတယ်လို့ ခရီးလမ်းကြောင်း စီစဉ်သူများကို ကျေးဇူးတင်လိုက်ရသေးတယ်..
(တကယ်ဆို ၄ နာရီပဲ ဝေးတဲ့ခရီးကို လုံခြုံရေး အစီအစဉ်အရ ကွေ့ပတ်မောင်းနေရလို့လေ..ကျမတို့ ဆူညံဆူညံ မပြောအောင် စီစဉ်ပေးထားတာ)
ကဲ .. ကျမ မြင်ခဲ့ရတဲ့ ပန်းတောင်ကိုလည်း မိတ်ဆက်ပြလိုက်ပါဦးမယ်.. လာလေရော့..
ဒီမှာ…

ကြည့်ပါဦး ပန်းပင်လယ်ကြီးဖြစ်နေတာ ကင်မရာထဲ ၀င်သလောက်ပဲ မြင်ရလို့


ဒီလို နေကြာရိုင်းတွေချည်းပေါ့(ပန်းခူးမိရင် တပွင့် ဘတ် ၅၀၀ ဒဏ်တပ်မတဲ့)
လူကိုသေးနိုင်သမျှသေး ပန်းများများပါအောင် ရိုက်ပါဆိုတာတောင်မှ ...

အဲဒီမှာ မျှော့ လူမျိုးဝတ်စုံကလေးတွေနဲ့ ကလေးလေးတွေလေ.. အဲဒီဝတ်စုံတခါဝတ် ဘတ် ၃၀ ကို ၀တ်ထားတာ ချစ်စရာလေးတွေ မို့ ဓါတ်ပုံတွဲရိုက်ခဲ့တာ.. ကျမ ၀တ်ထားတာလဲ မျှော့လူမျိုးတွေရဲ့ ရိုးရာ ဘောင်းဘီလေး ဆိုတော့ ကွတ်တိပေါ့...

တကယ်ဆို ကျမတို့ တိုင်းပြည်ထဲမှာလဲ အဲလိုနေရာတွေ ရှိမယ်ထင်တယ်။ ပြည်တွင်းမှာတုန်းက ကျမက မြစ်ဝကျွန်းပေါ်သူဆိုတော့ ပင်လယ်ဖက်ကိုပဲ ကျွမ်းကျင်ခဲ့သူ။ နောက် ကယားပြည်နယ်ဖက်မှာ နေခဲ့တော့လဲ တောင်ပေါ်ဒေသ ရွာတွေ ပေါ်မှာပဲ နှံ့စပ်အောင် သွားလာနေခဲ့ရသူ ဆိုတော့ ပန်းမြို့တော်ဆိုတဲ့ မေမြို့ကို မရောက်ဖူးခဲ့ဘူး။

ဒါမဲ့ ဒီလိုနေရာမျိုးကို နိုင်ငံခြားသားတွေပါ လာနိုင်အောင် စီစဉ်ပေးထားတဲ့ ထိုင်းအစိုးရကိုတော့ ချီးကျူးရမှာ အမှန်ပဲ.. တောင်ကြောတလျှောက်လုံး ဒီလို ပန်းတွေ အလေ့ကျ ပေါက်လေ့ရှိတာကို ထိန်းသိမ်းပြီး ၀င်ငွေရှာတာကတော့ အစီအစဉ် ကောင်းလွန်းပါတယ်။ ဒီမိုကရေစီရပြီး နိုင်ငံသစ်တည်ချိန်မှာ ဒါမျိုးနေရာလေးတွေ ရှာပြီး ကမ္ဘာလှည့်တွေကို ဆွဲဆောင်ရဦးမယ်။ ကျမတို့ တိုင်းပြည်မှာဆို အားလုံး ရှိနေတာပဲဟာနော်။
(အားတင်းထားဟ..ရေခဲပြင်တွေလဲရှိ.. ပင်လယ်ကမ်းစပ်လဲရှိ.. လယ်ကွင်းကျယ်တွေ... တောင်တန်းတွေ ... အာပါးပါး .. တွေးကြည့်ရတာ တောင် အများကြီး)
ကဲ နေမကောင်းရက်နဲ့ သွားခဲ့ရတဲ့ ခရီးစဉ်က အမှတ်တရလေး ကို မျှဝေပေးလိုက်တာပါ။

8 comments:

ကိုပေါ said...

အန်တီရေ….(ဟဲဟဲ ကဒေါင်းလေသံလိုက်ကြည့်တာ။ မဆိုးဘူး။ ခေါ်ရသူအဖို့တော့ စိတ်ထဲမှာ ဘာဘဲဖြစ်ဖြစ် ငယ်ရွယ်နုပျိုသွားသလို ခံစားရတယ်။ အခေါ်ခံရသူအဖို့ကတော့…ဟိ)

လွမ်းရောင်သန်းတဲ့
ပန်းတောင်တန်းကြီးတွေ ဆိုတာ ဒါမျိုးထင်ပါရဲ့။

P.Ti said...

လှလိုက်တဲ့ ရှုခင်းတွေ၊ ရောက်ဖူးချင်လိုက်တာ..

kay said...

တကယ်လှတယ် အမရေ.. ( လူရော)
လာမှာပါ.. စောင့်နေ.. ကျမ တို့မှာလည်း အများကြီး..

ခုလောလော ဆယ် လုပ်ချင် ရင်တော့..ကျွတ်ကျွတ် အိပ် တောင် တို့..ဘာ တို့ရမယ်..မြောက် ဥက္ကလာ နား က..အမှိုက်ပုံကြီး လဲ မဆိုးဘူး..ခွိ

YeKyawAungMDY said...

ကျနော် အဲဒီကို မရောက်ဖူးသေးပါ။ ညွန်းထားလို့ သွားဖြစ်အောင်သွားပါအုံးမည်။ လူကတော့ ထင်ထားတာထက် ပိုနုနေပါသည်ခင်ဗျား။

ခင်မင်းဇော် said...

ကိုပေါ.. စိတ်ထဲမှာတော့ ဓါတ်ပုံကြည့်ပြီး မနာလိုဖြစ်နေတယ် မဟုတ်လား..
ပီတိရေ... အပြင်မှာ ပိုလှတယ်ဟ..ဟိ
ကေ... လူကလေ ဓါတ်ပုံထဲကလောက် မ၀ဘူး.. ဓါတ်ပုံရိုက်ပေးသူက သိပ်မတတ်သလို .. ကင်မရာကလဲ မကောင်းတော့ အမှန်မပေါ်ဘူးဟ.. ကွီ...
ရဲကျော်အောင်... အမဆီလာလည်နော်... ဓါတ်ပုံထဲကထက် ပိုနုတာကို တွေ့ရမယ် ..ဟဲဟဲ

နှင်းသဇင် said...

ပန်းတောင်ကလှလိုက်တာ အန်တီလည်းလှတယ် ဟီး...ထိုင်းကိုရောက်ရင် အဲဒီ့ကိုရောက်အောင်သွားအုံးမယ်

Unknown said...

အမရေနီးရက်နဲ့ဝေးနေရတဲ့ပန်းတောင်ပါ
တကယ်ဆိုကျနော်နဲ့ပန်းတောင်ကနိးနီးလေး
ဒါပေမယ့်တခေါက်မှမရောက်ဘူးကျနော်က
လမ်းပန်းမျာလေ

Soe Aung said...

ရေခဲပြင်က ဘယ်နားမှာ ရှိတုံးဗျ၊၊ ဗဟုသုတ အဖြစ်သိရအောင် ပြန်မျှပါဦး သတင်းထောက်ကြီးရေ..:)