Thursday, November 22, 2007

စင်္ကာပူက လှုပ်ရှားမှု

ဂုဏ်ယူလျှက်ပါ စင်္ကာပူမှ သွေးချင်းများ




လမ်းပြကြယ်မှာ တင်ထားတဲ့ သတင်းနဲ့အတူ စင်္ကာပူနိုင်ငံကို ရောက်ရှိနေတဲ့ အင်္ဂလန်နိုင်ငံခြားရေးဆိုင်ရာ အတွင်းဝန်နဲ့ စင်္ကာပူရောက် မြန်မာများ November 20 ရက်နေ့မှာ တွေ့ဆုံဆွေးနွေးမှု မှတ်တမ်းပုံတွေပါ။

"Concern for Burma" အဖွဲ့ကနေ ဦးဆောင်စီစဉ်ခဲ့ပြီး OBP, Oway, LPK library, DTASG နဲ့ intellectual, religious people အဖွဲ့တွေအားလုံး ပူးပေါင်းပြီး မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေတွေကို တင်ပြပြောဆိုခဲ့ကြပါတယ်။
အာစီယံအဖွဲ့တွေအနေနဲ့ မြန်မာနိုင်ငံအပေါ် ပြုမူဆက်ဆံပုံတွေနဲ့ မြန်မာပြည်သူတွေအပေါ် တကယ့်စာနာမှုတွေ နဲ့ ဆက်ဆံမယ့် အိမ်နီးချင်းနိုင်ငံဖြစ်မဖြစ် သုံးသပ်ချက်တွေကို ဆောင်းပါး ဆက်တင်ပေးပါဦးမယ်။

(ကိုယ့်လူမျိုး ကိုယ့်နိုင်ငံအတွက် ကိုယ်သာလျှင် ကြိုးစားရပေမည်)

1 comment:

ကိုပေါ said...

ရွှေဝါရောင် တော်လှန်ရေးအပြီးမှာ စင်္ကာပူက အဖွဲ့တွေ လှုပ်ရှားမှုဟာ အတော်လေး ခြေလှမ်းသွက်လာသလို စည်းကမ်းလည်းရှိလာတယ်။ နောက် သည်တော်လှန်ရေးက အရေးကြီးတဲ့ကွင်းဆက်တရပ်ဖြစ်တဲ့ မျိုးဆက်သစ်တရပ်ကို အောင်မြင်စွာ မွေးထုတ်ပေးနိုင်ခဲ့တယ်။ နအဖ ရဲ့ သာသနာ့ဒါယကာ အရေခြုံဟာ လေနဲ့အတူ စက်တင်ဘာလေနဲ့အတူ လွင့်ပါသွားပြီ။