Monday, August 20, 2007

အန်တီစု ကိုယ်တိုင်ရေး ကဗျာများ

အန်တီစုရဲ့ ကိုယ်တိုင်ရေး မြန်မာကဗျာတပုဒ်ကို ပြန်လည်မျှဝေပေးပါတယ်။
အင်တာနက်ပေါ်က ကြမ်းတမ်းယုတ်ညံ့သော စကားများ သုံးစွဲကြကုန်သော မသူတော် အပေါင်းတို့ ၊ စစ်မှန်သော စံပြထိုက်သော စိတ်ဓါတ်ကို အတုယူကြပါကုန်လော့။ မိမိကိုယ်ကိုပင် မလေးစားနိုင်သော အဖြစ်သို့ မရောက်ရှိရန် ကိုယ်တိုင်ကြိုးစားရမည်သာ ဖြစ်ပါ၏။

မိခင်၏ နှောင်ကြိုးကို ဖြေပါအံ့

သည်းစွာသောအနာကို ကုစားပါအံ့
သမီး၏လုံ့လ၀ီရီယဖြင့် နာလန်ထူပါစေအံ့...

မွေးကျေးဇူးကို မသိတတ်သော
ထိုသူတို့အား
သိနားလည်အောင် ဆွဲဆောင်နိုင်စွမ်းကို
သမီးအားပေးပါလေ...

တွေ့ရအံ့သော ဘေးရန်တို့ကို
သမီးထီမည်မဟုတ်...

တဘ၀တွင် တခါသာသေရသည်ဖြစ်၍
အဘယ်နည်းနှင့်သေရသည်ဖြစ်စေ
သမီး၌မထူးခြား...

သမီး၏ စိတ်ကူးတို့သည်
အကယ်အဖြစ်သို့ ရောက်သောအချိန်တွင်
အသင်တို့သည်လည်း ပျော်မြူးကြရမည်...

အခြားအခြားသော သူတို့၏
ရှုတ်ချခြင်း
ကဲ့ရဲ့ခြင်း
မုန်းတီးရွှံရှာခြင်း
နာမည်ဖျက်ခြင်းတို့ကို
သမီး အလျဉ်း ဂရုမပြု...

မိခင်ထံမှ ဒါမှငါ့သမီး ဟူသော
ကျုးရင့်သံကိုသာ တောင့်တပါ၏...

လောကတွင် မိခင်၏ကျေးဇူးကို
အသိတတ်ဆုံးသမီး ဖြစ်ရပါလို၏။ ။

အောင်ဆန်းစုကြည်

4 comments:

Unknown said...

Dear Ma Khin Min Zaw,
I read this poem on a journal released by NLD in 1990s but the poet is not Aunty Su, but Sayar Min Tu Wun.He wrote this poem for Aunty Su.
I'm sure about that. Could u please check it again?

Unknown said...

And,another thing I want to add, Sayar Min Tu Win wrote as "mother" in the poem regards " Myanmar" and " daughter" in the poem regards " Aunty Su".

ခင်မင်းဇော် said...

အမ ဇင်ဇင်
ကျမအမှတ်မမှားဘူးထင်ပါတယ်။
ဒီကဗျာမှာ ရည်ညွှန်းတဲ့ မိခင်ဆိုတာ မြန်မာနိုင်ငံကြီး ဖြစ်ပါတယ်။
ကျမအသေအချာ မှတ်မိတာကတော့ အခုကဗျာကို
အန်တီကိုယ်တိုင်ရေးခဲ့တာ ဖြစ်ပါတယ်။

ဂျူနို said...

ဆရာမ ဒေါ်မေငြိမ်း ဘလော့မှာ ဖတ်လိုက်ရတယ် အစ်မ။
သူက ရွတ်လည်းရွတ်ပြသေးတယ်။