Monday, July 14, 2008

ဂျစ်တူး မွေးနေ့

၃ ဂဏန်းနဲ့ တွေ့ဆုံနေသော ဘလော်ဂါ ဂျစ်တူး အတွက်
ဘလော့လောက ထဲက ကောက်ရခဲ့တဲ့ ညီမငယ် .. ဂျစ်တူး
ပျော်ရွှင်ဘွယ် မွေးနေ့ ဖြစ်ပါစေ... လိုရာဆန္ဒပြည့်ဝပါစေ...
အသက် ၃၀ ဆိုတာ ဘ၀မှာ တော်တော်လေး ရင့်ကျက်ချိန်ပေါ့။
အသက်နဲ့ မထင်ရအောင် နုပျိုမှုတွေ.....
စိတ်ဓါတ်ကြံ့ခိုင်မှုတွေ......
မိသားစုအပေါ် တာဝန်သိတတ်မှု...
တာဝန်ယူတတ်မှုတွေ အတွက် လေးစားဂုဏ်ယူနေမှာပါ။
( ထမင်းဟင်း မချက်တတ်တာတော့ ခွင့်လွှတ်လျှက်)
မျိုးဆက်သစ်တွေအတွက် ပညာရေးနဲ့ ပတ်သက်လို့ သိပ်စိတ်ဝင်စားတဲ့ ဒီညီမရဲ့ ပညာရေးအလှုတွေ ကို တတ်နိုင်သလောက် ကူညီပေးဦးမယ်လို့
မွေးနေ့လက်ဆောင်အဖြစ် ကတိပေးလိုက်ပါတယ်။

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

2 comments:

Anonymous said...

အမရေ .. သုံးဂဏန်းနဲ့တွေ့ ပြီးနောက်ပိုင်း ထမင်းဟင်း စချက်ဖို့ ဆုံးဖြတ်လိုက်ပြီဗျို့ ။ အမပြောတဲ့နည်းတွေနဲ့ စမ်းချက်ကြည့်ဦးမယ်လေး)

ဂျစ်ရဲ့ အားအငယ်ဆုံးအချိန်တွေမှာ အမြဲ နည်းပေးလမ်းပြ အားပေးစကားအမြဲပြောလေ့ရှိတဲ့ အမအရင်းလို အမကိုရတာတွက် အမြဲ ၀မ်းသာလျက်ပါ ။

အမပေးတဲ့ကတိနဲ့ နောင် နှစ်ပေါင်းများစွာထိ ပညာရေးအလှူတွေ တူတူလုပ်ကြတာပေါ့ ။ အမပြောသလို ဒါမှ နောင်ဘ၀ ရေစက်ပါကြမှား)

JulyDream said...

Happy birthday, sister.

နှပ်ချီးတွဲလောင်း ကြောင်ချီးရုပ် ပုတိုတို ၀တုတ်တုတ် ယောကျာ်းဝတ် ရှပ်လက်တိုလေးနဲ့ ဂျစ်ကန်ကန် ဂျစ်တစ်တစ် ဂျစ်တွန်းတွန်းတတ်တဲ့ ဂျစ်တူးမလို့ ကျွန်တော် တွေးထင်ခဲ့မိတဲ့ မဂျစ်တူး... ထိပ်စီးပြောင်းသွားတဲ့ မွေးနေ့မင်္ဂလာမှာ ပျော်ရွှင် ချမ်းမြေ့ပါစေခင်ဗျာ။