Sunday, March 8, 2009

နိုင်ငံတကာအမျိုးသမီးများနေ့

အမျိုးသမီးတွေရဲ့ ကြီးမြတ်မှုကို ဒီလိုသရုပ်ဖော်ထားပါတယ်။
ဒီရုပ်တုကို နော်ဝေးက ရုံးတရုံးရှေ့မှာ ရိုက်ယူလာခဲ့တာပါ။ ဘာရုံးလဲ ဆိုတာ မေ့နေပြီ သိတဲ့လူ ကောမန့်ပေးခဲ့ပါနော်။
ဘယ်သူက ငြင်းနိုင်လို့လဲ၊ ဒီအမှန်တရားကို။ ဒါ့ကြောင့်လဲ အမျိုးသမီးတွေအနေနဲ့ ကိုယ့်ရဲ့ မြင့်မြတ်မှုတွေကို ဘယ်လိုအကြောင်းကြောင့်မှ ချေဖျက်ပြစ်တာ မခံရစေချင်ဘူး။ ကိုယ်အစွမ်းအစ ရှိသလောက် ကြိုးစားပြီး ကိုယ်ပိုင်အရည်အချင်းတွေကို ဖော်ထုတ်ပြသရမယ်။ အမျိုးသမီးဖြစ်လို့ ဆိုတဲ့ အချက်တခုနဲ့တော့ နေရာယူချင်စိတ် မရှိဖို့လိုတယ်။ ကိုယ်ပိုင်အရည်အချင်းသည်သာ အဓိကပါပဲ။ အဲဒီအခါကျရင် အားလုံးထက် သာလွန်တဲ့လေးစားဖွယ်ရာတွေကို အမျိုးသမီးဆိုတဲ့ပညတ်ချက်ကနေ သယ်ဆောင်လာလိမ့်မယ် မဟုတ်ပါလား။
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Rest of your post

8 comments:

မီယာ said...

အမရေ... "အမျိုးသမီးဖြစ်လို့ ဆိုတဲ့ အချက်တခုနဲ့တော့ နေရာယူချင်စိတ် မရှိဖို့လိုတယ်" မှတ်သားသွားပါတယ်...

MANORHARY said...

မ..ပုံကသိပ်မသဲကွဲဘူး..ဒါပေမယ့် ကြိုးစားပြီးကြည့်
လိုက်တယ်။ သရုပ်ဖော်ထားပုံကိုကြိုက်တယ်။အမပြောတဲ့
အမျိုးသမီးဖြစ်လို့ဆိုတဲအချက်တစ်ခုနဲ့တော့နေရာယူချင်
စိတ်မရှိဖို့လိုတယ်ဆိုတာလေးကိုလည်းကြိုက်တယ်။
အမျိုးသားကြီးတွေကနေရာလာလာယူနေရင်ကော.
ဘယ်လိုတွေးပေးရမလဲ..မ..း)

မမသီရိ said...

အစ်မရေ... အားလုံး ထက် သာလွန်ဖို့ မဟုတ်တောင်
ကျမတို့ ရဲ့ ပင်ကို စွမ်းရည်တွေ ဟာ
ယောင်္ကျားတွေထက် မညံ့ဘူး ဆိုတာ.. ကျမတို့ အမျိုးသမိး တွေ တစ်ဦးချင်းစီ .. အသိစိတ်ကိုယ်စီ. နဲ့ ကြိုးစား ပြရမှာပါ နော်..

ကိုပေါ said...

အမျိုးသမီးကဏ္ဍဆိုတော့ ဒီပို့စ်မှာ အနော်ကွန်မင့်ရှည်ရှည်ရေးတော့ဘူးနော်……။
ကိုယ့်အခွင့်အရေးကို ကိုယ်တိုင်တိုက်ယူမှ ရသတဲ့။

JulyDream said...

မဆီမဆိုင် ကျွန်တော့်ဘ၀ထဲက အမျိုးသမီးတွေကို သတိရမိတယ်။ တစ်ယောက်တော့ အမေပေါ့။ နောက်တစ်ယောက်တော့ ပြောပြတော့ပါဘူးဗျာ။

အမျိုးသမီးနေ့ အမှတ်တရပေါ့...

M.Y. said...

ရုပ်တုက ပန်းပုပညာရှင် ရဲ့ အတွေးကို ခံစားပုံဖော်မိတယ်။ ပုံမှာ အမျိုးသမီးဟာ အမျိုးသားထက် မြင့်မြတ်တယ်ဆိုတဲ့ racial grounds ထက် ၊ အမျိုးသမီး ရုပ်တုဟာ အမျိုးသားထက် နှစ်ဆ ခွဲ သုံးဆလောက်ကြီးမား နေတဲ့အချက်ကြောင့် အမျိုးသမီးနဲ့ အမျိုးသားပုံဟာ ဥာဏ်ပညာအရည်အချင်း၊ချင်းနှိုင်းယှဉ်ရမယ့် သက်တူတန်း ဖြစ်မယ်လို့ မယူဆမိပါ။ အဲဒိ အမျိုးသမီး ကနေထုဆစ်လိုက်တဲ့ လူသား မျိုးဆက်တစ်ဆင့် အနေ နဲ့ အမျိုးသားရုပ်တုအသေးနဲ့ တင်စားထားတယ်လို ပဲ့ခံစားမိတယ်။

ဒီတင်စားမှု ကြောင့်ပဲ ပုခက်လွှဲသောလက်တွေ ကမ္ဘာကို ကိုင်လှုင်တယ် ဆိုတဲ့ စကားတောင် ပဲ့တင်ထပ်လာသလိုပဲ။

မာတာ မိခင်ထက်မြင့်မြတ်သောအရာမရှိပြီလေ..

ကျွန်တော့်အတွက်တော့ လူတစ်ယောက်ရဲ့ အရည်အချင်းဆိုတာကို gender နဲ့ ဘယ်လိုမှဆက်စပ်လို့ မရဘူး။

ကိုယ့်ကိုကိုယ် Over dose ဖြစ်အောင် မူးယစ် ဆေးထိုးမိတဲ့ လမ်းဘေးမှာသေသွားတဲ့ ယောက်ျားတစ်ယောက်ရဲ့ လက်နဲ့  မြေဖြူခဲကိုင်တဲ့ မူလတန်းပြ ဆရာမတစ်ယောက်ရဲ့ လက် ဘယ်လို နှုင်းအပ်မလဲ..

ရှိသေးတယ်..ဒီအချိန် လူထုဘက်က ဘာလုပ်လုပ် တရားတယ်ဆိုပီး မီဒီယာ လက်နက်ကြီးနဲ့ ချိန်ထားတဲ့ အမျိုးသမီးလို သူရဲကောင်းးတွေ...

ခင်မင်းဇော် said...

မီယာ၊ မနော်၊ မမသီရိ၊ ကိုပေါ၊ ကိုဂျူလိုင်၊ ကမောင်ရင် ..
လာရောက်ဖတ်ရှု ပြီးမန့်တာ ကျေးဇူးနော်..
ကမောင်ရင် မသိချင်ယောင် ဆောင်ထားတယ် ဟိဟိ ဒါမျိုး များများလာပြောပါ။ ဟဟ

s0wha1 said...

ဟီဟီ... ကိုမောင်ရင့် ကွန်မန့် အမိုက်ဆုံးပဲ။ အောက်ဆုံး စာသားလေး... =))