Tuesday, March 17, 2009

ကျမရဲ့ ပီအေ




ဒီနေ့…
သီရိဂေဟာလို့ လူတွေကတင်စားတတ်တဲ့ မိဘရင်ခွင်
ဇာတိမြေက အိမ်ကလေးကို မပြန်ဖြစ်တာ ၂၁ နှစ်ရှိပြီဖြစ်တဲ့….နင့်အတွက်….
အိမ်မပြန်ဖြစ်တဲ့…… နင့်အတွက် …..
ချစ်သူရေ…
အိမ်ပီသတဲ့ အိမ်တလုံးဖြစ်အောင်
တတ်နိုင်တဲ့အင်အားနဲ့
ငါဖန်တီးပေးချင်တယ်။
ဒါဟာ သက်သေပြစရာမလိုတဲ့ ငါ့ရဲ့အချစ်ပဲ ဖြစ်ရဲ့။
ဒီအိမ်မှာ နွေးထွေးခြင်းရှိမယ်။
လုံခြုံခြင်းရှိမယ်။
တီတီတာတာ ပီယာဝါစ စကားလှတွေချွေမနေပေမယ့်
လိုအပ်ရင် အသက်ပါပေးမယ့် လက်တွဲဖော်မဟေသီက
အဆင်သင့်ရှိနေတယ်။
နင့်ဆီက ပေးနိုင်တဲ့ အရာအားလုံးထဲက
အေးမြတဲ့ချစ်ခြင်းမေတ္တာနဲ့ မှန်ကန်ခိုင်မာတဲ့ ယုံကြည်ချက်ကလွဲလို့
ဘာဆိုဘာမှ မတောင်းဆိုချင်ပါဘူး။
မတောင်းဆိုခဲ့ဘူး။
ဘ၀မှာ လိုအပ်တာနဲ့ လိုချင်တာကို
ခွဲခြားသိတတ်ဖို့ သင်စရာမလိုပဲ နေတတ်ခဲ့ပါပြီ။
နေတတ်ခဲ့လေပြီ။
ကောင်းကင်တခုတည်းအောက်မှာ ရှိနေပေမယ့်
တန်ဖိုးထားတာချင်းမတူညီတတ်တဲ့ လူတွေရဲ့ စိတ်ထားတွေ
ကမ္ဘာမြေကြီးပေါ်မှာ ခြေစုံရပ်နေတာချင်းတူပေမယ့်
လျှောက်ရတဲ့ လမ်းတွေ မတူညီတတ်တဲ့ ဘ၀တွေ..
ဒါတွေအားလုံးကို… အတွေ့အကြုံတွေဆီက ကျက်မှတ်ခဲ့ရတာပဲ မဟုတ်လား။
ဘာပဲ ဖြစ်ဖြစ်လေ…
၄၃ နှစ်ပြည့် ဒီနေ့မှာတော့..
နင့်ကိုအလေးထားမြတ်နိုးတဲ့
ချစ်ဇနီးနဲ့ သားလေးတယောက်က
ထမင်းဝိုင်းပြင်ပြီး စောင့်နေမယ်။
ကဲ.. ဘာလိုသေးလဲကွယ်..
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Rest of your post

23 comments:

kay said...

အားပါ.. မိုက်တယ်..အမနဲ့ အကိုရေ
ဟိုဖက်က..ဘိုးတော်မွေးနေ့ ပြန်လာတာ..ဒီဖက်မှာလဲ မွေးနေ့ ပါပဲလား။

ကိုမင်းဇော် ရဲ့ ၄၃ နှစ်မြောက်မွေးနေ့မှ သည်...မိသားစု နဲ့ အတူ..နွေးထွေးပျော်ရွှင်စွာ ဆက်လက် ချီတက် ရင့်သန် နိုင်ပါစေ ...

ကိုပေါ said...

ယုံကြည်ချက်ကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားရင်း ကိုယ်ရွေးချယ်တဲ့လမ်းကို အလွယ်တကူ မစွန့်ပစ်ပဲ ဇွဲနပဲနဲ့ ဆက်လက်လျှောက်လှမ်းနေဆဲဖြစ်တဲ့ မခင်မင်းဇော်ရဲ့ ပီအေကို လေးစားပါကြောင်း…..။

ခင်မင်လေးစားစွာဖြင့်….
ကိုပေါ။

ရွှေဂျမ်း said...

အမပီအေရဲ့ မွေးနေ့ကိုး။း) အမရဲ့ ပီအေကြီး မွေးနေ့မှသည် နှစ်ပေါင်းများစွာ ယုံကြည်ချက်တူတဲ့ ချစ်တဲ့ မိသားစုနဲ့အတူ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေ။

P.Ti said...

ဟုတ်ပါ့အမရယ်.. လက်ဆေးဖို့ပဲလိုတော့တယ်...

အမရဲ့ပီအေ တစ်ယောက်... တာဝန်တွေကျေပွန်စာထမ်းဆောင်ပြီး မိသားစုနဲ့ နှစ်ပေါင်းများစွာ ဘ၀ကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေ

တန်ခူး said...

အကိုကြီးရဲ့ ၄၃နှစ်မြောက်မွေးနေ့ မှသည် နောင်နှစ်ပေါင်းရာထောင်သောင်းထိ ပါရမီဖြည့်ဖက်ပီသလွန်းတဲ့ ဒီဇနီး၊ ချစ်စရာသားလေးနဲ့  ပြီးပြည့်စုံတဲ့ မွေးနေ့ ပေါင်းများစွာ ပိုင်ဆိုင်နိုင်ပါစေလို့ …

:P said...

Happy Birthday ,( PA to MaKMZ).

JulyDream said...

ဘာလိုသေးလဲ ဟင်...

ဖြေလိုက်အုံးလေ... ဟိုမှာ မေးနေတယ် ခင်ဗျ။

မေ့သမီး said...

ဝါး ဘလော့သွားကြည့်ဆိုလို့လာကြည့်တာ လက်စသတ်တော့ ငါ့အစ်မက ချစ်သူကြီးကို လိုလေသေးမရှိ ကြင်နာနေတာကိုး။ (အစ်ကိုရေ ဘာမှမလိုတော့ဘူးမလား။) အစ်ကိုက ၄၃နှစ်တောင်ပြည့်နေ ပြီလား။ ဒါဆိုအစ်မထက်အသက်ကြီးတယ်ပေါ့။ (ဘယ်လိုခေါ်လဲဟင် :P) နောင်တော်ကိုပြောလိုက်နော်။ တစ်မြို့တည်းသား ညီမလေးကလှမ်းပြီး ဂါရ၀ပြုနှုတ်ဆက်ပါတယ်လို့။ ၄၃နှစ်ပြည့်မှသည် အသက်ရာကျော်ပြီး ဒီချစ်ဇနီး၊ ချစ်သားနဲ့ ဘ၀ကိုအားမာန်အပြည့်လှမ်းနိုင်ပါစေ။ ချစ်တဲ့အမိမြေကိုလည်း မကြာခင်အောင်ပွဲနဲ့အတူ ပြန်နိုင်ပါစေလို့။

tg.nwai said...

အော်..အကိုရဲ့ မွေးနေ့ကိုး...။ ပျော်ရွှင်သော မွေးနေ့ဖြစ်ပါစေ အကို..။

ယုံကြည်ချက်အတွက် အသက်ရှင်သန်ရင်းနဲ့ ချစ်တဲ့ နားလည်တဲ့ လက်တွဲဖော်ကောင်း ပါရမီဖြည့်ဖက် အမနဲ့ အတူတူ သာယာချမ်းမြေ့တဲ့ မိသားစုဘ၀လေးကို ပိုင်ဆိုင်ပျော်ရွှင်နိုင်ပါစေနော်..။

အမတို့ မိသားစုလေး ပျော်ရွှင်ချမ်းမြေ့ကြပါစေ..
အဲ..ဒါနဲ့..ထမင်းပွဲက အကို့တယောက်ထဲ အတွက်ပဲလားဟင်.. :P

Moe Cho Thinn said...

အကို့ မွေးနေ့ကိုး ..
အကို့ကို ပထမဆုံး တွေ့ဖူးတဲ့ ဆူးလေ မီးပွိုင့်နားမှာ အမနဲ့ နှစ်ယောက်သား ပလက်ဖောင်းပေါ်မှာ ထိုင်ရင်း ပြုံးနေကြတာ သွားမြင်ယောင်တယ်။
ပျော်ပျော်ရွှင်ရွှင် ရဲရဲရင့်ရင့် အခက်အခဲ မကြောက်၊ လက်တွဲလျှောက်ခဲ့တဲ့ ပါရမီဖြည့်ဖက်နဲ့ ချစ်စရာသားလေး ပိုင်ဆိုင်ထားပြီဆိုတော့ ပြည့်စုံတဲ့ အိမ်လေး ဖြစ်နေပြီပဲ။ ဆုတောင်းပေးစရာတောင် မလိုတော့ဘူး ထင်မိတယ်။ :)
All the best..
ချိုသင်း

ATN said...

မွေးနေ့ချင်းကတော့ တူနေပြီဗျ...း)
၄၃ မွေးနေ့မှသည် ရာကျော်သည်အထိ ပြည်သူ့အကျိုး ဆထက်တံပိုး ထမ်းနိုင်ပါစေဗျာ...

TZA said...

ပိုင်တယ်ဗျာ၊ ကျနော်သာ အစ်ကိုကြီးနေရာမှာဆို ခြေထောက်တွေ ပျော့ခွေပြီး “သိတတ်လိုက်တာ ခင်ရယ်...” လို့ ပြောထဲ့လိုက်မှာ.. ခွိခွိ...

ဟက်ပီးဘဒ်ဒေးပါအစ်ကို..

YeKyawAungMDY said...

Happy Birthday to Ko Min Zaw!!!!

မီယာ said...

Happy birthday! အမကိုရတာ ကံကောင်းလိုက်တာ... ကဗျာလေးက ရင်ထဲက လာလို့ပေါ့...

JuneOne said...

happy birthday ပါ။ပျော်ရွှင်အေးချမ်းသော မိသားစုလေးနဲ့ လှပသောမွေးနေ့ပေါင်းများစွာကို ကျော်ဖြတ်နိုင်ပါစေ မမရဲ့ပီအေ။

ThuHninSee said...

Happy birthdayပါ..ကိုပီအေ။
း-)

ခင်မင်းဇော် said...

လာရောက်ဆုတောင်းပေးကြတဲ့
အားလုံးသော သူငယ်ချင်းမိတ်ဆွေများကို ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားပါရစေနော်..
စီဘောက်မှ ဆုတောင်းလေးတွေလဲ သိမ်းထားလိုက်ပါပြီ။
ဇော်ဘားမား: မွေးနေ့ အထိမ်းအမှတ် အဖြစ် ကိုဝင်းမောင် ဆိုင်မှာ အ၀သွားစားထာ လာရှင်းပေးမယ်။အ၀ မှာဘဲ စား အထဲ က်ုမ၀င်နဲ့ ။
ညီမ: အကိုကြီး ပီအေ ၄၃ နှစ်မြောက်မှာ လှပတဲ့မိသားစုလေးနဲ့ ပျော်ရွှင်ချမ်းမြေ့နိုင်ပါစေ ။ အမနဲ့ပတ်သက်ပြီး အကိုတယောက် ကောက်ရခဲ့ရတာအတွက် အရမ်းဝမ်းသာတယ်ဆိုတာလည်း အကိုကြီးပီအေ မွေးနေ့မှာ ပြောလိုက်ပါရစေ ။
ညီမ: ဒါနဲ့ မွေးနေ့ဆုတောင်းကဗျာလေးမှာ အမရဲ့ အချစ်တွေကို ထင်၂ရှား၂ မြင်နေရပါလားး)
KM: YOUR PA IS SO SO LUCKY
AKM: ရင်းမှူး ပျော်ရွင် ချမ်းမြေ့စရာကောင်းတဲ့ မွေးနေ့လေး တနေ့ ဖြစ်ပါစေ။
မဆုမွန်: ဦးမင်းဇော်ရေ Happy Birthday ပါ ၄၃နှစ်တဲ့ မထင်ရဘူးနော်။
Aung Kyaw Soe: ကိုမင်းဇော် Happy Birthday ပါ။
minmawsoe:့happy birthday ပါခင်ဗျာ။
ဒူကဘာ: ကိုမင်းဇော် ခင်ဗျား ဟက်ပီးဘန်ဒေးပါ ...အမ ...မပါ....ဟီး..ဟီး

Khin Ma Ma Myo said...

ကောင်းလိုက်တဲ့ကဗျာလေးအမရယ်။ ပါရမီဖြည့်ဘက်ဆိုတာ အဲဒါကို ပြောတာပဲ။ ဟက်ပီးဘတ်ဒေးပါ ကိုမင်းဇော်။ ယုံကြည်ချက်တူညီတဲ့ဇနီး၊ ချစ်စရာကောင်းတဲ့သားလေးနဲ့ ဒီမိုကရေစီရမြန်မာပြည်မှာ လှပသောမွေးနေ့များကို ဆက်လက်ဖြတ်သန်းနိုင်ပါစေလို့ ဆန္ဒပြုလျက်။

မေငြိမ်း said...

အသည်းကြီးရေ..
ဆုတောင်းနောက်ကျပေမဲ့
မေတ္တာတရားကတော့ ရှေ့ဆုံးကပါ..နော်...
ကျန်းမာ ချမ်းသာ လန်းဖြာစွာ မွေးနေ့တရာ တိုင်ပါစေ...။

Nyein Chan Aung said...

Happy Birthday Ko Min Zaw. ကဗျာကလည်း အရမ်းကောင်းတယ်။ ဒီကဗျာနဲ့တင် မွေးနေ့က အရမ်းကို ပြည့်စုံလှပနေလောက်ပါပြီ။ ရွှင်လန်းချမ်းမြေ့ကြပါစေဗျာ..။

အောင်အောင် said...

ဟိဟိ။ စစ်သားကြီး လုံးလုံး ဗိုလ်မှုးကြီး ရှုံးလောက်ရဲ့ ။ ခန့် ညောကြီးပါလား။။။

mg said...

တပ်မတော် အစိုးရကို ကဗျာလက်နက်ဖြင့် တိုက်ကြပါ

Hmoo said...

PA or Chair man...anyway, whatever...u've a great happy silver anniversary.. :)