Tuesday, September 17, 2013

မောင်ခေါ်ရာ

မောင်ခေါ်ရာ
ကဲလာ... အတူလျှောက်စို့တဲ့
ကမ်းလာတဲ့လက်
ကြင်နာခြင်းတွေ အပြည့်ရှိနေမယ်။
တွဲလျှောက်မယ့်လမ်း
မေတ္တာတရားတွေ ချခင်းထားမယ်။
သဘာဝတရား ဖောက်ပြန်လို့များ 
နေပူမိုးရွာကြုံလာရင်လဲ
စာနာခြင်းရိုးဂုဏ်နဲ့ ထီးလုပ်လို့ မိုးမယ်။
ဘ၀တကွေ့ ကြမ္မာ ကြည်စယ်လို့
ခလုတ်တိုက်မယ် ချော်လဲမယ်ဆို
တည်ကြည်ခိုင်မာခြင်းနဲ့တွဲလို့ထူမယ်။
သိပ်ကိုများ မောပန်းလို့နွမ်းလာရင်
သံယောဇဉ်ရေစင်အေး ချွေးသိပ်လို့ပေးမယ်။
လျှို့ဝှက်သောလမ်း ဇွဲမာန်လျှော့မယ်များ ကြံချင်လား။
ဟိုး.  ဟို...ရှေ့မှာ ကြည့်.
တွဲလက်များ ခိုင်မြဲခြင်းအတွက်
ချစ်ခြင်းတရားနဲ့ လှပတဲ့ စံအိမ်လေး ရှိနေတယ်။
ချစ်ကြသူချင်း
မနာလိုခြင်းကင်းရှင်း
ဝန်တိုခြင်းကင်းရှင်း
သံသယတွေ ကင်းရှင်း
အမုန်းတရားတွေ ကင်းရှင်း
မာန်မာနတွေ ကင်းရှင်း
သမုဒယ အတွယ်အတာနဲ့ မွှန်းထုံလို့ ထားမယ်။
ချစ်သူရေ..
လိုက်ခဲ့တော့ ..ရွှေနွယ်ရိုး မညှိုးနဲ့ သခင်။   ။


(တခုသော ဧပြီလတွင်ရေးသားခဲ့ပြီး ပြန်လည်ရှာဖွေ တွေ့ရှိသဖြင့် အမှတ်တရ မှတ်တမ်းတင်ပါသည်။)

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

6 comments:

သက်ဝေ said...

နူးညံ့မှုတွေနဲ့  ပြည့်နှက်နေတဲ့ ကဗျာတပုဒ်မှာ ခိုင်မာတဲ့ အားအင်တွေ မြင်နေရတယ်... ကဗျာလေးကို ချစ်တယ် အမ...

သက်ဝေ said...

နူးညံ့မှုတွေနဲ့  ပြည့်နှက်နေတဲ့ ကဗျာတပုဒ်မှာ ခိုင်မာတဲ့ အားအင်တွေ မြင်နေရတယ်... ကဗျာလေးကို ချစ်တယ် အမ...

ယုန်ကလေး said...

ဒီကဗျာလေးကို ကြိုက်တယ် အစ်မ....

ခင်မင်းဇော် said...

ကျေးဇူးပါ ညီမတို့ရေ။

George said...

Another good site to listen to is FBNRadio.com . To know how to know God our creator through the Lord Jesus Christ who died for our sins on the cross and rose from the dead and went back up to heaven. Repentance toward God and faith toward our Lord Jesus Christ.

:P said...

လာဖတ်ပြီးသား..
ဒီနေ့ မက်မွန်ဘလော့မှာရိုးမှာ ပြန်တွေ့လို့ ပြန်လာဖတ်တာ..။
ချစ်စရာလေး ကဗျာလေးက