Friday, May 9, 2008

နွားအဖွဲ့ ဆိုတာ....


နအဖရဲ့ အသုံးမကျမှု ကတော့ ပြောစရာ စကားလုံးတောင် မရှိတော့ပါဘူး။ တကယ်တော့ ခုလို လူတွေ သေကြတာကိုပဲ သူတို့က ကြိတ်ဝမ်းသာ ချင် ၀မ်းသာနေဦးမှာပါ။ တကယ့် တိုင်းပြည်က အကြီးဆုံးနေရာ ယူထားတဲ့ သန်းရွှေဆိုတဲ့ အာဏာရူးကြီး ခုချိန်ထိ ပြည်သူတွေကို ဘာစကားထွက်ပြောသလဲ။
ဝမ်းနည်းကြောင်း စကားတခွန်း တောင်းပန်ကြောင်း စကားတခွန်းပြောခဲ့ပါသလား။
ဒီလို တာဝန်ယူချင်စိတ်မရှိပဲနဲ့ ဘုရင်ရူး ရူးချင်နေသေးတယ်...
ကိုယ့်တိုင်းပြည် ဒုက္ခရောက်နေတာကို အများက ကူညီပါ့မယ်ဆိုတာတောင် ကျွမ်းကျင်ပညာရှင်တွေ ရှိပြီးသားတဲ့။
ဒါ့ကြောင့် ငွေတွေ ပစ္စည်းတွေသာပေးပါတဲ့။ ဒါလား ပြည်သူတွေကို ရင်ဝယ်သားလိုချစ်တာ.........။
ကိုယ့်တိုင်းပြည်ကို သူတို့လောက်ချစ်တတ်တာ သူတို့လောက် ကာကွယ်တတ်တာ မရှိတော့ဘူး။
လက်တွေ့မှာ သူတို့ ဆောက်နေတဲ့ အနုမြူ ဓါတ်ပေါင်းဖို ကိစ္စပေါ်သွားမှာ စိုးနေတာ ၊ လူမိသွားမှာ စိုးနေတာ။
သူတို့ ကလိမ်ကျသမျှ ပေါ်သွားမှာ စိုးရိမ်နေတာ...
အံ့သြစရာတော့မရှိပါဘူး။ အာဏာရှင်တွေဆိုတာ ဒီလိုပဲ ဆိုတာ ပိုပြီး လူထုကသိသွားတာပေါ့လေ။
မဲလိမ်ချင်လဲ လိမ်လိုက်ပါ။ ခု ချိန်မှာတော့ ပြည်သူတွေက သိနေပြီးသား ၊ သူတို့ တိုင်းပြည်ပေါ်ထားတဲ့ စေတနာကို ။
ဒုက္ခသည် တွေအတွက်ပေးတဲ့ ကယ်ဆယ်ရေး ပစ္စည်း လေယာဉ် ၂ စင်းစာကို သူတို့တွေအတွက် ယူရက်သေးသတဲ့...
ှရှက်တတ်တဲ့ လူတွေမှ မဟုတ်တော့လဲ ခက်တာပေါ့...
လူတွေက သူတို့ကို မယုံလို့ သူတို့လက်မအပ်တာလဲ သိသိချည်းနဲ့ .... ခုလိုလုပ်ပြနေတော့ ဘယ်သူက အပ်ချင်ပါဦးမလဲ...
ဟေ့ ....
အာဏာရှင် စစ်အုပ်စုနဲ့ နောက်လိုက်ငယ်သားကြံ့ဖွတ် အပေါင်းတို့..
နောက်လာမယ့် ABe (အက်ဘီ) မုန်တိုင်းမတိုင်ခင်တောင်မှ နင်တို့ အသက်ရှင်သန်မှု ရေရှည်ပါ့မလား ...
စိုးရိမ်ကြောင့်ကြမှုတွေနဲ့ ငတ်မွတ်ခေါင်းပါးနေတဲ့ တို့ ပြည်သူတွေရဲ့ ၀ဋ္ဋ် မင်းတို့ အမြန်ဆုံး လည်ပါတော့မယ်..

အို.... ပြည်သူလူထုတို့...
ခုလို ကပ်ဆိုးမျိုးဟာ မင်းဆိုး မင်းညစ်ကြောင့် ဖြစ်တယ်ဆိုတာ လက်တွေ့ထင်ရှားသိနေရပါပြီ။ သူတို့ကို မထိပဲ ပြည်သူကို ထိတာကလဲ ပြည်သူတွေက ဒီလိုလူမျိုးတွေကို တိုင်းပြည်အုပ်ချုပ်ခွင့်ပေးနေလို့ပဲ ဖြစ်ပါတယ်....
ဒါ့ကြောင့်......
ကိုယ့်ဘ၀နဲ့ ရှင်သန်မှုကို ဘယ်လိုမှ မစောင့်ရှောက်နိုင်တဲ့ အာဏာရှင် အုပ်စိုးသူ စစ်အုပ်စု လက်အောက်မှာ
သေဆုံးခဲ့ကြရတဲ့ ပြည်သူတွေအတွက်....
အသက်ရှင်ကျန်ရစ်ပေမယ့် ဘ၀သေနေတဲ့ ကိုယ့်ပြည်သူသွေးချင်း မောင်နှမတွေအတွက်...
အသက်ရှင်သန်သမျှကာလပတ်လုံး ဒီစစ်အုပ်စုကို ဖြုတ်ချနိုင်မယ့် နည်းလမ်းမှန်သမျှ မလျှော့သော ဇွဲနဲ့လုပ်ဆောင်သွားကြပါ......
ကျမအနေနဲ့လဲ လုပ်ဆောင်သွားပါ့မယ်လို့ ..
ဂတိပြုလိုက်ပါတယ်..

1 comment:

ကိုရီချင် said...

အမှတ်တရမဟုတ်ပါ၊ မှတ်မှတ်ရရကို ရေးလိုက်တာပါ၊ အစ်မကိုလည်း မှတ်မှတ်ရရရှိစေချင်လို့၊ အစ်မဆို ခုပြည်ပမှာနေပြီး တတ်သင့်တဲ့ပညာတွေလည်း စုံနေပြီ၊ (စုံတဲ့အထဲမှာ အတင်းအဖျင်းနဲ့ ညစ်ညမ်းသော အပုတ်ချပြောနည်းများအားလုံး။ စကားချပ်- စကားကြီး ဆယ်ခွန်းကို ဖြည့်စွက်တမျိုးတိုးရန် တင်ပြဖို့ထိ ရည်ရွယ်ထား) “ကိုယ့်ဘ၀နဲ့ ရှင်သန်မှုကို ဘယ်လိုမှ မစောင့်ရှောက်နိုင်တဲ့ အာဏာရှင် အုပ်စိုးသူ စစ်အုပ်စု လက်အောက်မှာ
သေဆုံးခဲ့ကြရတဲ့ ပြည်သူတွေအတွက်....
အသက်ရှင်ကျန်ရစ်ပေမယ့် ဘ၀သေနေတဲ့ ကိုယ့်ပြည်သူသွေးချင်း မောင်နှမတွေအတွက်...
အသက်ရှင်သန်သမျှကာလပတ်လုံး ဒီစစ်အုပ်စုကို ဖြုတ်ချနိုင်မယ့် နည်းလမ်းမှန်သမျှ မလျှော့သော ဇွဲနဲ့လုပ်ဆောင်သွားကြပါ......
ကျမအနေနဲ့လဲ လုပ်ဆောင်သွားပါ့မယ်လို့ ..
ဂတိပြုလိုက်ပါတယ်..” ဆိုပြီး ပြည်ပရောက် မျိုးချစ်ပုဂ္ဂိုလ်ကြီးတော့ မလုပ်ဖို့ မှတ်မှတ်ရရလေး ပြောပါရစေ…