Thursday, April 29, 2010

ပညာ နဲ့ သညာ

ခေတ်စနစ်တိုင်းမှာ အုပ်ချုပ်သူ လူတန်းစားတွေက သူတို့တွေကို ထိခိုက်မယ့် အရာမျိုးတွေကို ဘယ်တော့မှ သင်ကြားခွင့် မပြုခဲ့ကြဘူး။
သူတို့သင်ခွင့်ပြုတဲ့အရာတိုင်းကလဲ မမှန်ကန်ခဲ့လို့ စနစ်တွေ တခုပြီးတခု၊ ခေတ်တွေတခုပြီးတခုကို တော်လှန်ရေးတွေနဲ့ ဖောက်ထွက်စဉ်းစား လုပ်ကိုင်နိုင်သူတွေက ပြောင်းလဲ စေခဲ့တယ်။
ဒါဟာ သမိုင်းသက်သေပဲ။

ဒါ့ကြောင့် ခု လူတွေ လက်ခံနေတဲ့ သင်ကြားနေတဲ့ အရာတွေထဲမှာလဲ မှားယွင်းမှုတွေ ရှိနိုင်မယ်။
ကိုယ်တိုင်လုပ်နေတဲ့အလုပ်မှာ ဘယ်အလုပ်ဟာ ဘယ်အတိုင်းအတာထိ လုပ်ဖို့ လိုအပ်တယ်ဆိုတာ အခြေအနေ အချိန်အခါအရ ဆုံးဖြတ်နိုင်ကြတဲ့ လူတွေမှသာ ခေတ်ကိုခေါင်းဆောင်နိုင်မယ။် စနစ်ကိုခေါင်းဆောင်နိုင်မယ်။

စာအုပ်ထဲက သီအိုရီတွေကိုသာ အမြဲကျင့်သုံးနေမယ် အဲဒါတွေနဲ့သာ ချိန်ထိုးနေမယ်ဆိုရင်တော့ တော်လှန်ရေးဆိုတာ ပေါ်လာစရာမရှိဘူး။ ခေတ်စနစ်တွေလဲ ပြောင်းလဲလာစရာမရှိဘူး။
အဲဒီသဘောတရားကို နားလည်နိုင်သူတွေ များပြားလာပါစေ။

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Rest of your post

2 comments:

Lun Lunn said...

အစ်မရေ ...

အမှန်ပါပဲ ...
အရာရာတိုင်း၊ အဖြစ်အပျက်တိုင်းအတွက် သီအိုရီကို အတိအကျကြီး လိုက်နာ ကျင့်သုံးလို့ မရပါ။ သူ့နေရာနဲ့သူ
မှီငြမ်းဖို့ပါ။

nandalynn said...

Ama,
I accept ur comment and agree with ur opinion. Some of people obey and write according to theory written in books. They think that their opinion is right and they only undestand about this. I believe that reading books are good but should think about real condition and books are useful for only reference.