Sunday, May 5, 2013

နိဂုံး

 နိဂုံး

လုပ်ချင်ရာတွေ မလုပ်နိုင်တဲ့ အခါမှာ
ဝါသနာတွေကို မေ့ပစ်လိုက်ရတဲ့ အခါမှာ
မြင်မြင်သမျှ ကြေကွဲနာ ခံစားရတဲ့အခါမှာ
အပြောင်းအလဲကြား တသားတည်း မဖြစ်နိုင်တော့တဲ့ အခါမှာ
တန်ဘိုး ရှိတဲ့ အချိန်တွေ အကြွင်းမဲ့ ကုန်ဆုံးခဲ့ရတဲ့ အခါမှာ
လေးစားမြတ်နိုးမှုများ ပျောက်ဆုံးခဲ့ရတဲ့ အခါမှာ
ရိုးသားရင့်ကျက်ခြင်းများ အရာမထင်တော့တဲ့ အခါမှာ
လုံလ ၀ီရိယများ ခြစားခံရတဲ့ အခါမှာ
ဇွဲနပဲနဲ့ အားမာန်များ လှောင်ရယ်ခံရတဲ့အခါမှာ 
မြင့်မြတ်တဲ့ သည်းခံခြင်းတရား နင်းခြေခံရတဲ့အခါမှာ 
.
.
 .

(ဒီခေတ်ကြီးမှာပဲ လူလာဖြစ်ရတဲ့ ငါတို့ဘ၀)
အစကတည်းက ဆုံးခဲ့လေသလား ယုံစားရတော့မယ်။
ခင်မင်းဇော်

4 comments:

pandora said...

သံမဏိစိတ်ဓာတ်ပိုင်ရှင်ကို ဘယ်သူမှ ယိုင်နဲ့အောင် လာလုပ်လို့မရပါဘူး :)

သက်ဝေ said...

အစကတည်းက ဆုံးခဲ့လေသလား ယုံစားရတော့မယ်...

အမရယ်... :'(

တန်ခူး said...

မရေ. ဆရာတော်ဦးဇောတိကတရားထဲမှာ ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်းဆိုတာ ကိုယ့်ရွေးခြယ်ခြင်းပဲတဲ့. ပျော်ရွှင်ခြင်းတွေရွေးခြယ်ကြည့်ရင်မြင်သမျှကျေနပ်စရာပေါ့ မ ရေ.

ခင်မင်းဇော် said...

အော် ညီမသုံးယောက်ရဲ့ အားပေးစာလေးတွေ ဖတ်ရတာ ကျေနပ်စရာပါပဲ။ အင်းတခါတလေ နိဂုံးတွေချည်း မြင်ခဲ့ရတယ်လေ။ ခဏပါနော်။