Monday, September 26, 2011

ရွှေဝါရောင်တော်လှန်ရေး ၄ နှစ်ပြည့် အမှတ်တရ

ဒီနေ့ ငြိမ်းချမ်းစွာ မေတ္တာပို့စီတန်းလမ်းလျှောက်ခဲ့ကြတဲ့ သံဃာတော်တွေကို နအဖ လက်ကိုင်တုတ်တွေက အကြမ်းဖက်ဖြိုခွဲခဲ့တဲ့ နေ့။ ၂၀၀၇ စက်တင်ဘာကဆိုတော့ ခု ၄ နှစ်ပြည့်ခဲ့ပြီပေါ့။ ပြည်ပမှာလဲ အမှတ်တရအထိမ်းအမှတ်ပွဲတွေ ပြုလုပ်သလို ပြည်တွင်းမှာလဲ ကျင်းပကြတယ်ဆိုတာ သတင်းရတယ်။ နေ့လည် ၁၂ နာရီခွဲလောက် ဒီက အခမ်းအနားတခုက အပြန်အိမ်မှာ ချက်တင်ဘောက်ထဲ လာရိုက်တင်ထားတာ တွေ့လိုက်ရပြီ။ နိုင်ငံရေးအကျဉ်းသားများ အကျိုးဆောင်ကွန်ရက်က ဦးဆောင်ပြုလုပ်တဲ့ မြောက်ဥက္ကလာပ မကွေးကျောင်းတိုက် က ဆွမ်းကပ်အပြီး ဆူးလေကို သွားဖို့ ကား ၃စီးနဲ့ အသွားမှာ တားဆီးခံရရာက လမ်းလျှောက်ပွဲ ဖြစ်သွားခဲ့တာတဲ့။
လမ်းလျှောက်တာနဲ့ ဆူဆူပူပူဖြစ်မယ်လို့ ထင်တဲ့လူတွေက စစ်အုပ်စု ဘက်က တင်မဟုတ်ပဲ ကိုယ့်လူတွေလို့ ထင်ထားတဲ့ လူတွေကပါ ပြောလာတော့ တော်တော်အံ့သြတယ်။ အမျိုးသား ရင်ကြားစေ့ရေးကို နှောင့်ယှက်နိုင်တယ်။ တွေ့ဆုံဆွေးနွေးပွဲကို ထိခိုက်နိုင်တယ်ဆိုတဲ့ အကြောင်းပြချက်ကိုတော့ ကျမက လုံးဝ လက်မခံပါဘူး။ ဆန္ဒမစောပါနဲ့ တဲ့ ။ နောက်တောင်ကျနေသလားလို့ ကျမက ထင်တယ်။

ဘယ်သူကိုမှ ဘာမှ မပြောချင်ပါ။ ဒါပေမဲ့ ခုတွေ့နေတဲ့ တွေ့ဆုံမှုမှာ စီးပွားရေးနဲ့ သက်ဆိုင်တဲ့ ၀ပ်ရှော့တခုတက်ဖို့ အသွား ဦးသိန်းစိန်နဲ့ တွေ့တယ်။ နအဖရဲ့ အကြီးမားဆုံးဒေါက်တိုင် ခေတ်ပျက်သူဌေးဇော်ဇော်နဲ့ ဘောပွဲ ကြည့်တယ်။ ဒါတွေဟာတွေ့ဆုံဆွေးနွေးရေးလား။ စစ်မှန်တဲ့တွေ့ဆုံဆွေးနွေးရေးလား၊ ကျမကတော့ မယုံကြည်ပါဘူး။ အစကတည်းက မမှန်တဲ့ တွေ့ဆုံမှု ဟာ ပျက်မှာပါပဲ။ ဦးသိန်းရွှေ၊ ဦးမောင်အေး၊ ဦးခင်ညွန့်တို့အားလုံးနဲ့ ထမင်းလက်ဆုံစားနေတဲ့ ပုံတွေ ထွက်လာသလို ဆည်တည်ဆောက်ရေး ကိုတောင် နိုင်ငံတော်ဧည့်သည်တော်အနေနဲ့ နိုင်ငံပိုင်မီဒီယာတွေမှာ ဖော်ပြခဲ့ရတဲ့ ၊အဲဒီသွားရောက်လေ့လာခဲ့ရတဲ့ အချိန်တုန်းကထက် အခုက ပိုနေသလား။

ကျမတော့ လုံးဝမထင်ဘူး။ အဲဒီတုန်းက တွေ့ဆုံတဲ့ အဆင့်က ပိုမြင့်ပါသေးတယ်။ ရွေးကောက်ပွဲအနိုင်ရ ပါတီကြီးတခုရဲ့ ခေါင်းဆောင်အနေနဲ့ တွေ့ဆုံခဲ့တာပ့ါ။ အခုတွေ့ဆုံမှုတွေကို သူတို့ဘက်က ပြောနေတာ အားလုံး ပြန်ဆန်းစစ်ရင် ဗိုလ်ချုပ်အောင်ဆန်း သမီးတယောက်အနေနဲ့ လို့ ချည်း ပြောတာကို မြင်နေကြားနေရတာပါပဲ။ ကမ္ဘောဒီးယားမှာလဲ ဦးခင်အောင်မြင့် ပြောခဲ့တယ်။ သမတအကြံပေး ဦးကိုကိုလှိုင်လဲ တသံတည်းပဲ။ ဒီတော့ ဘာကို မျှော်လင့်ကြသလဲ၊ တခါလိမ်ရင် လိမ်သူအမှာ ၂ခါအလိမ်ခံရရင်တော့ ခံရသူတွေ အများသာ ဖြစ်တော့မှာပါ။ ကျမတို့ ဥာဏ်မမှီတာလဲ ဖြစ်နိုင်ပါတယ်။ မမှီလက်စနဲ့ လိုက်မနေတော့ပါဘူး။ ကိုယ်မြင်တာလေးပဲ ရေးရတော့မှာပေါ့။ ကိုယ်ပိုင်တဲ့ဘလော့ ကိုယ့်စာမျက်နှာကိုး။
ဒီပုံကိုတော့ မြင်တာနဲ့ ရင်ထဲ ထိလွန်းလို့ ဘလော့ပေါ်တင်ပြီး သိမ်းထားလိုက်ပါပြီ။
ဒီတော့ ဘာပဲဖြစ်ဖြစ် ဒီနေ့ ရွှေဝါရောင်တော်လှန်ရေး ၄ နှစ်ပြည့်မှာ အဲဒီတုန်းက ကျဆုံးခဲ့သူတွေ ၊ ဖမ်းဆီးခံ နှိပ်စက်ခံ ထောင်ဒဏ်ကျခံခဲ့ရသူတွေအတွက် ဒီနေ့လှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြတဲ့ နော်အုန်းလှနဲ့ အတူ နိုင်ငံရေးအကျဉ်းသားများ အကျိုးဆောင်ကွန်ရက်က မိတ်ဆွေများကို ထောက်ခံပါတယ်။ ကျေးဇူးအထူး တင်ရှိသလို လေးစားစွာ အလေးပြုလိုက်ပါတယ်။ ဒီလှုပ်ရှားမှုကို ဒီမိုကရေစီရေးမှာ အသက်စွန့် သွားခဲ့သူများက ကောင်းချီးပေးမှာပါ။

စာကြွင်း .. ဒီနေ့ အဲဒီသတင်းကို တင်တဲ့ Eleven Media Group ကိုတော့ တော်တော်အထင်သေးသွားတယ်။

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

11 comments:

ko watote said...

သူတို့ရဲ့ ပြတ်သားတဲ့ မျက်နှာတွေ မြင်ရတာ ကြက်သီးတောင် ထတယ်။ သတ္တိဆိုတာ ချီးမွမ်း ကဲ့ရဲ့တာကို ဂရုမထားဘဲ လုပ်သင့်တယ် ထင်တာကို လုပ်တာကို သတ္တိလို့ သတ်မှတ်ရရင် ဒီလူတွေဟာ မဟာ သတ္တိခဲတွေပဲ။

ကိုပေါ said...

ကျနော်လည်း မခင်မင်းဇော်ရဲ့ အမြင်နဲ့ တထပ်တည်းပါပဲ။ နော်အုန်းလှ၊ ဦးဝင်းချိုနဲ့ ဆန္ဒထုတ်ဖော်သူအားလုံးကို လေးစားမိပါတယ်။

Anonymous said...

ဆန္ဒထုတ်ဖော်သူတွေကို ခင်ဗျားတို့က လေနဲ့ပဲ ဂုဏ်ပြုကြ၊ လေးစားကြ၊ ထောက်ခံကြ၊ ဟိုမှာ ဖမ်းခံရတဲ့ သူက ဖမ်းခံနေရပြီ။ ခင်ဗျားတို့ကိုလည်း လေးစားချင်တယ်၊ ထောက်ခံချင်တယ်၊ ဂုဏ်ပြုချင်တယ်။

Anonymous said...

ဒီလိုဆိုတော့လည်း ဟုတ်တာပါဘဲ။ ရှင်းရှင်းလင်းလင်းပြည်သူတွေကို အသိပေးသင့်တယ် ထင်တာပါဘဲ။ ဒါဆိုပြည်သူတွေက ဘာလုပ်ရမှာလဲ။ သူတို့ ရဲ့ ဘာမှန်းမသိတာဘဲ ထိုင်စောင့်နေရမှာလား၊ ပြည်သူတွေကို ပါဝင်ရမယ်လည်းပြောတယ်။ ဘယ်လို ပုံစံနဲ့ ပါဝင်ရမှာလည်းဆိုတာ ကို လည်း ရှင်းရှင်း လင်းလင်း ဖြစ်အောင် ချပြသင့်ပါတယ်။ ပြည်သူတွေ ပါဝင်ရမယ်ဆိုတာ ဟိုလူမှု့ ရေးအဖွဲ့ နဲ့ ဒီလူမှု့ ရေးအဖွဲ့ တွေကို လှူဒန်းကူညီဖို့ လောက်ဘဲလား။ နိုင်ငံရေးမှာ ပါဝင်ရမယ်ဆို ဘယ်လို ပုံစံနဲ့ ပါဝင်ရမှာလဲ။

Anonymous said...

you should not make any comment on your post if you have no enough knowledge.
Elven Media is right this time too. We all people are waiting to see good change.
Shouldn't do stupid things that can avoid the way what we all want.

I want to say the blog owner that you are a fool too.

ခင်မင်းဇော် said...

anonymous သို့
ဘယ်သူ ရူးမယ် ဆိုတာ အချိန်က ဆုံးဖြတ်ပါလိမ့်မယ်။ ရှင်ဆုံးဖြတ်လို့လဲ မရပါဘူး။ ကြည့်ကြသေးတာပေါ့။ အရေခြုံကြံ့ဖွတ်ကို ယုံနေတဲ့လူတွေ အဘားအဘား အော်ကြမှာ ။ ရှင်လဲ ကျန်းမာအောင်နေပါ။ အဲဒီအချိန်အော်နိုင်အောင်ပေါ့။

တွတ်ကြီး said...

ဟုတ်ကဲ့ အမတို့
နိုင်ငံခြားမှာသာယာဖို့
ပြည်တွင်းကလူတွေလမ်းပေါ်ထွက်အသေခံပေးပါ့မယ်
ပြန်ဝင်လာတဲ့သူတွေကိုလည်းကဲ့ရဲ့ဖို့ မမေ့နဲ့အုံး
ဒီနေ့ ပဲသတင်းထူးနှစ်ခုတက်တယ်
တစ်ခုက မြစ်ဆုံကိတ်စရွှေ့လိုက်ပီဆိုတဲ့သတင်း
နောက် တစ်ခုက ဒီဗီဘီခြစားမှု
လူများမျက်ရည်ပေါက်ကြီးငယ်ကျပီးမှစားရတဲ့ထမင်းလုတ်
မျိုဆို့နေတဲ့အထဲအမမပါပါစေနဲ့ဆုတောင်းပါတယ်

တွတ်ကြီး said...

ခင်ဗျားသတ္တိရှိဒီကိုပြန်လာပီး နိုင်ငံရေးလုပ်ပါလား
ဒီမှာနေတုန်းကလည်းဘာမှအဖြစ်ရှိတာမဟုတ်တော့
ခင်ဗျားလည်းဘယ်သူမှမဖမ်းပါဘူး
အာမခံပါတယ်

ဆရာကြီး said...

နင်ကအာမခံရအောင် နင်ကိုနင်ဘာမှတ်နေလဲ နင်တို့အဘတောင် သူ့ ပထွေးမျက်နှာကြည့်နေရတာ နင်တို့  လို မယားပါသားတွေလောက်တော့ ၀ိုင်းအူဖို့  လောက်ပဲ အရိုးအရင်းချကျွေးထားတာ ကျွေးရတာတန်ပါတယ်လေ အူသာအူ

တွတ်ကြီး said...

မင်းတို့နဲ့အယူအဆမတူတိုင်း စစ်ခွေးဇာတ်ထဲဆွဲသွင်းတော့တာပဲဆရာမကြီးရယ်
သာမန်ပြည်သူကရောကိုယ့်ထမင်းကိုယ်စားပီးဝင်မန့်လို့မရဘူးလား
မင်းတို့ပြန်မလာလည်းနေကြပါ
နိုင်ငံခြားမှာပဲ တောင်းခံစားသောက်ကြပါ
အဝေးကပဲဟောင်ကြပါ
မင်းတို့ပဲဒေါ်စုနဲ့ တွေ့ဆုံဆွေးနွေးကြဖို့အော်တုန်းကအော်
အခုဆွေးနွေးပြန်တော့လည်းမဟုတ်ဘူးဖြစ်ပြန်

Anonymous said...

Money Make Online:

http://www.dataentryjobs.us/102269.html